နမ့်ဆန်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၂)ဦးဖမ်းဆီးရမိ
နမ့်ဆန်၊ ဇူလိုင်လ ၂၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် ဇူလိုင်လ (၁၉)ရက် နံနက် (၁၁း၀၀)ခွဲနာရီအချိန်၌ နမ့်ဆန်မြို့နယ်၊ လွယ်ခမ်းကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသည့်ဟုသတင်းရရှိကာ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ် ဆေးရာတွင် အမျိုးသား (၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါမူးယစ်ဆေးဝါးသုံးစွဲဝယ်သူသည် အသက် (၇၀)နှစ်အရွယ် ဦးအောင်စံနှင့် အသက် (၅၀)နှစ်အရွယ် ဦးကျော်ဦးအေးတို့ထံ ဘိန်းဖြူဗူးသေး (၁)ဗူး၊ ယာမဆေးပြား (၅)ပြားနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီအရေးယူဖမ်းဆီးထားသည်။
ပြီးခဲ့သည့် ဇူလိုင် (၅)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ လီလုတံတားစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၂)ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ