1277

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးထပ်မံကြဲချတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
23 July 2025

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးထပ်မံကြဲချတိုက်ခိုက်

သီပေါ၊ ဇူလိုင်လ ၂၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀) ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့သည်။

ဖြစ်စဥ်တွင် ယနေ့ ညသန်းခေါင်ယံ (၁၂း၅)နာရီအချိန်တွင် ယခင်စစ်ကောင်စီတပ်စခန်းဟောင်းခလရ (၂၃)တပ်စခန်းအတွင်း ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်နေ့လည်း ၎င်းတပ်စခန်း ခလရ(၂၃)အတွင်း ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် တစ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး ဗုံးလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးသွားကာ(၅)ဦးဒဏ်ရာရရှိပြီး နေအိမ် (၁၃)အိမ်၊ အဆောက်အဦး (၆)လုံးနှင့် အ.မ.က (၁)ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးထပ်မံကြဲချတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်