1278

ကျောက်မဲနှင့် နမ္မတူတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၄)ဦးနှင့် ရောင်းဝယ်သူ (၂)ဦးတို့ကို ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
23 July 2025

ကျောက်မဲနှင့် နမ္မတူတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၄)ဦးနှင့် ရောင်းဝယ်သူ (၂)ဦးတို့ကို ဖမ်းဆီးရမိ

တအာင်းပြည်သတင်း၊ ဇူလိုင်လ ၂၃ရက်

တအာင်းပြည်၊ ကျောက်မဲနှင့် နမ္မတူမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၄)ဦးနှင့် ရောင်းဝယ်သူ (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက် ညနေ (၃း၀၀)နာရီခွဲအချိန်၌ ကျောက်မဲမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ်  မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၆၁)နှစ်အရွယ် ဦးဟန်နုထံ ယာမဆေးပြာ (၁၃၉)လုံး၊ ငွေသားသိန်း (၁၀၁၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

ထိုနောက် ဇူလိုင်လ (၂၂)ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီးတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက်(၆၀)နှစ်အရွယ် ဦးနန္ဒာ၊ အသက် (၂၂)နှစ်အရွယ် ကိုဖြိုးဖြိုးကိုနှင့် ရောင်းဝယ်သူ အသက် (၅၃)နှစ်အရွယ် ဦးအောင်လွင်တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့ထံကိုလည်း ဘိန်းဖြူဆပ်ပြာခွက်(၁၁)ခွက်၊ ခါးခူး (၅)ထုတ်၊ ယာမဆေးပြား (၁၀၇)ပြား၊ ဖုန်း (၁)လုံး၊ ငွေသား (၄၉၈၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ နမ္မတူမြို့နယ်၊ မန်စံကျေးရွာစစ်ဆေးရေးဂိတ်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၆)နှစ်အရွယ် ကိုထွန်းလူနှင့် အသက် (၁၆)နှစ်အရွယ် ကိုကျော်သန်းတို့ထံ  ယာမဆေးပြား (၁၀)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီအရေးယူဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊လွယ်ခမ်းကျေးရွာတွင်  မူးယစ်ဆေးဝါးသုံးစွဲသည့်ဟုသတင်းရရှိကာ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွား‌ရောက်စစ်‌ဆေးရာတွင် အမျိုးသား (၂)ဦးဖမ်းဆီးရမိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲနှင့် နမ္မတူတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၄)ဦးနှင့် ရောင်းဝယ်သူ (၂)ဦးတို့ကို ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်