နမ့်ပေါ်တံတားအနီးတွင် ကြက်သွန်ဖြူတင်ဆောင်လာသည့်ယာဥ်တစ်စီးသည်ဘရိတ်ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွား
မူဆယ်၊ ဇူလိုင်လ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် ကြက်သွန်ဖြူတင်ဆောင်လာသည့်ယာဥ်တစ်စီးသည် ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်၌ မူဆယ်မှထွက်လာသည့်ထိုယာဉ်သည် ၎င်းတံတားမရောက်မှီ တိမ်းမှောက်သွားခဲ့ပြီး ရေချောင်းအတွင်း ထိုးကျသွားခဲ့ပါသည်။
ထိုနောက်တွင် ယာဥ်မောင်းဖြစ်သူ အသက် (၂၆)နှစ်အရွယ်ကိုချမ်းမြေသည် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်နေရာကို
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ထိုယာဉ်ကိုလည်း ဆွဲတင်ရန် ပြုလုပ်ဆောင်ရွက်နေလျက်ရှိပါသည်။
ပြီးခဲ့သည် ဇွန်လ (၂၉)နေ့ရက်လည်း ကွတ်ခိုင်နှင့်မန်ပြိန်းကျေးရွာအနီးတွင် ယာဥ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြာရေးဌာန
မှတ်ချက်များ