မန့်ခုံကန်ကျေးရွာတွင် ဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ်(၁)အိမ် မီးလောင်မှုဖြစ်ပွား
မူဆယ်၊ ဇူလိုင်လ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ မန့်ခုံကန်ကျေးရွာတွင် ဆိုလာပြားမှတစ်ဆင့် ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ် (၁)အိမ်မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ ဇူလိုင်လ (၂၄)ရက် နံနက် (၈း၃၀)နာရီအချိန်တွင် အသက် (၄၁)နှစ်အရွယ် ဦးအိုက်မောင်သည် ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းထားနေစဉ်ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ် မီးလောင်သွားခြင်းဖြစ်ပါသည်။
ထိုနေအိမ်အတွင်းရှိ မီးလောင်သွားသည့် ပစ္စည်းများသည် လယ်ထွန်စက် (၁)စီး၊ ထော်လာဂျီ (၁)စီး၊ စပါး (၄၀)အိတ်နှင့် နေအိမ်အတွင်းရှိပစ္စည်းများအားလုံး၏ စုစုပေါင်းကာလတန်ဖိုး သိန်ပေါင်း (၃၈၀)ကျေ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၂)ရက်နေ့လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁)တွင် ဘတ်ထရီကြိုးမှတစ်ဆင့်ရှော့ဖြစ်ကာ နေအိမ် (၁)အိမ်မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ