1281

မိုးကုတ်နှင့် သီပေါမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်း ဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၇)ဦးတို့ကို ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
26 July 2025

မိုးကုတ်နှင့် သီပေါမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်း ဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၇)ဦးတို့ကို ဖမ်းဆီးရမိ

တအာင်းပြည်၊ ဇူလိုင်လ ၂၆ရက်

တအာင်းပြည်၊ မိုးကုတ်နှင့် သီပေါမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦးနှင့်သုံးစွဲသူ (၇)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။ 

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၂၃) ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်၌မိုးကုတ်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၆)နှစ်အရွယ် ကိုဘုန်းမြင့်နိုင်ထံ ဘိန်းဖြူထည့်ထားသည့်မျက်စဉ်းဆေးဗူးအသေး (၁)ဗူး၊ယာမဆေးပြား (၂၀၀)ပြား၊ ဖုန်း (၁)လုံး၊ ငွေသား (၁၀၈၀၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။





၎င်းအပြင် မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်တွင်လည်းတအာင်းပြည်နယ်ရဲတပ်ဖွဲ့မှ ထပ်မံစစ်ဆေးမှုဆောင်‌ရွက်နေစဉ် နေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ကိုယုဖူး၊ ကိုတွမ်ချီနှင့် ကိုအခွါအေတို့ထံ ယာမဆေးပြား (၂၄)ပြား၊မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများကို သိမ်းဆီးရမိခဲ့ပါသည်။

ထိုနောက်တွင် မိုးကုတ်မြို့၊ အင်းချောက်ကျေးရွာနှင့် ပန်လင်ကျေးရွာ၌ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာမူးယစ်ဆေးဝါးသုံးစွဲသူ ကိုလောက်ယူ၊ ကိုလောက်ဟန်၊ ကိုဟာမင်းကျော်နှင့် ကိုဆန်သာကျော်တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ သီပေါမြို့တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၂၂)ရက်နေ့၌ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူဒေါ်ဟွမ်ဦး၊ စိုင်းဝင်းထွန်း၊ မျိုးမင်းဦးနှင့် ၎င်း၏သူငယ်ဖြစ်သူအမျိုးသားတစ်ဦးတို့ထံ ဘိန်းဖြူဆပ်ပြာခွက် (၅)ခွက်၊ ယာမဆေးပြားအထုပ်သေး (၁၁)ထုပ်နှင့် (၂၆)ပြားတို့ကိုဖမ်းဆီးရမိခဲ့ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့ နေ့ လယ်(၂း၀၀)နာရီအချိန်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၂)နှစ်အရွယ်  ဦးလှအောင်ထံ ယာမဆေးပြားအထုပ်သေး (၁၁)ထုပ်တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့်သုံးစွဲသူများကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီးမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူသွားမည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်နှင့် သီပေါမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်း ဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၇)ဦးတို့ကို ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်