1282

အထက်မန်လွယ်ကျေးရွာတွင် မိသားစုဝင် (၂)ဦးပိုးသတ်ဆေးသောက်ရာမှ (၁)ဦး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
26 July 2025

အထက်မန်လွယ်ကျေးရွာတွင် မိသားစုဝင် (၂)ဦးပိုးသတ်ဆေးသောက်ရာမှ (၁)ဦး သေဆုံး

နမ့်ဆန်၊ ဇူလိုင် ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အထက်မန်လွယ်ကျေးရွာတွင် မိခင်ဖြစ်သူနှင့် ၎င်း၏သမီးသည် ပိုးသတ်ဆေးသောက်ပြီး ကိုယ်ကိုသတ်သေရာတွင်မိခင်ဖြစ်သူမှ သေဆုံးသွားခဲ့ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန်၌ လက်ဖက်ခြံတဲတွင် အသက် (၄၂)နှစ်အရွယ် ဦးအိုက်ခိုနှင့် အသက် (၃၃)နှစ်အရွယ်  ဒေါ်အီမေတို့ဇနီးမောင်နှံ (၂)ဦးသည်အချင်းစကားများပြီးနောက် ဇနီးဖြစ်သူနှင့် ၎င်းတို့သမီးသည် ပိုးသတ်ဆေးကို
ယူသောက်ပြီး ကိုယ်ကိုသတ်သေရန် ကြံစည်ခဲ့သည်။

ထိုနောက်တွင် အမျိုးသားဖြစ်သူမှ ၎င်း၏အမျိုးသမီးနှင့်သမီးဖြစ်သူကို ဆေးကုသရန် ပို့ဆောင်ခဲ့သော်လည်း ပိုးသတ်ဆေး၏အဆိပ်ပြင်းထန်မှုကြောင့် မိခင်ဖြစ်သူမှသေဆုံးသွားခဲ့ပြီး အသက် (၄)နှစ်အရွယ်  သမီးဖြစ်သူလည်း ဆေးကုမှုခံယူနေဆဲဖြစ်ပါသည်။

ပြီးခဲ့သည့် မေလ (၂၈)ရက်နေ့လည်း နမ့်ဆန်မြို့နယ်တွင် အသက် (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုပြဿနာဖြင့် စိတ်ဖိစီးမှုများပြီးပိုးသတ်ဆေးကိုယူသောက်ကာ မိမိကိုယ်ကို သတ်သေသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အထက်မန်လွယ်ကျေးရွာတွင် မိသားစုဝင် (၂)ဦးပိုးသတ်ဆေးသောက်ရာမှ (၁)ဦး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်