1284

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးသေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
26 July 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးသေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ

မိုးကုတ်၊ ဇူလိုင်လ ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်တွင်  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဥ်တွင် ယနေ့ ညနေ (၄း၅၈)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ပြည်သူ လူထုများကို ဦးတည်ရှိ၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ဖြင့်အလုပ်ပြန်လာသည့် အမျိုးသား (၁) ဦး ဗုံးထိမှန်ပြီး သေဆုံးသွားခဲ့ပါသည်။ ထိုနောက်တွင် အမျိုးသား (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိုတယ်အဆောက်အဦးတစ်ချို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၉)ရက်နေ့လည်း မိုးကုတ်မြို့၊ ပန်မထိပ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများတည်ရှိရာကို လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၂)ဦးသေဆုံး၊ ကလေး (၂)ဦးအပါ (၈)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၇)အိမ်လည်း ထိမှန်ပျက်စီးခဲ့ပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင် ရွက်ရန် လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးသေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်