1286

ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်ထိမှန်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
28 July 2025

ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်ထိမှန်ပျက်စီး

ကျောက်မဲ၊ ဇူလိုင်လ ၂၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင်  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း (၃)စီးဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပါသည်။

ဖြစ်စဥ်တွင် ယမန်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် တစ်ကြိမ်၊ (၁၁း၃၂)နာရီအချိန်တွင် တစ်ကြိမ်နှင့် (၁၁း၃၄)နာရီအချိန်တွင် တစ်ကြိမ် စုစုပေါင်း (၃)ကြိမ်ဖြင့် စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့လည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေလိပ်ပြာဟိုတယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်ဖြင့် အလုပ်ပြန်လာသည့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး  အမျိုးသား (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဟိုတယ်အဆောက်အဦးတစ်ချို့  ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်ထိမှန်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်