မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး
မိုင်းလုံ၊ ဇူလိုင်လ ၂၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီးသေဆုံးသွားခဲ့ပါသည်။
ဖြစ်စဥ်တွင် ယနေ့ ညနေ (၅း၃၇)အချိန်၌ စစ်ကောင်စီတပ်သည် မိုင်းလုံမြို့၊ ခန်နီရပ်ကွက်တွင် လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် (၇)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
အလားတူ ယနေ့ နံနံက်ပိုင်းအချိန်၌ မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ရပြီး အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲကာ နေအိမ် (၁၄)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယခုလအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်များတွင် လေကြောင်းဖြင့် စုစုပေါင်း (၂၈)ကြိမ် ဗုံးများလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးနှင့် အမျိုးသား (၁၃)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၃၅)ဦး၊ အမျိုးသမီး (၉)ဦးနှင့် ကလေးငယ် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းအပြင် ပြည်သူလူထု၏နေအိမ် (၇၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ