1295

ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၁)ပါးပျံလွန်၊ ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
31 July 2025

ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၁)ပါးပျံလွန်၊ ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းပြည်၊ ဇူလိုင်လ ၃၁ရက်

တအာင်းပြည်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။




ပြီးခဲ့သည့် ဇူလိုင်လ (၃၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင်  စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး (၁၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းနှင့် ဘုန်းကြီးကျောင်းပေါ်တွင် ကျ‌ရောက်ပေါက်ကွဲခဲ့ပါသည်။




လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူသွားခဲ့ပြီး စစ်ဘေးတိမ်ရှောင်နေသည့်  အသက် (၅၂)နှစ်အရွယ် ဦးဌေးအောင်၊ အသက် (၆၀)နှစ်အရွယ် ဦးငြိမ်းမောင်၊ အသက် (၃၇)နှစ်အရွယ် ဦးနေစိုထွန်း၊ အသက် (၅၈)နှစ်အရွယ် ဦးဇော်ဝင်းဦးနှင့် အသက် (၅၆)နှစ်အရွယ် ဦးဌေးဦးတို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် နေအိမ် (၃)အိမ်နှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။

အလားတူ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာတွင်လည်း စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံး (၂)လုံး၊ လက်နက်ကြီး (၁၀)လုံးနှင့် ဒရုန်း (၂)စီးဖြင့် လာရောက်ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၅၀)နှစ်အရွယ် ဒေါ်မာသိန်းချို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။




ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့လည်း ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့‌သောကြောင့် ပြည်သူလူထု (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲနှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၁)ပါးပျံလွန်၊ ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်