1316

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
11 August 2025

ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

ကျောက်မဲ၊ သြဂုတ်လ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁)တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဩဂုတ်လ (၇)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အသက် (၃)နှစ်အရွယ် မောင်ပြည့်ဖြိုးအောင်သည် ရေအတွင်းမျှော်ပါသွားခဲ့ပါသည်။


၎င်းကလေးငယ်ကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းမှ ရှာဖွေရာတွင် ယမန်နေ့၌ သေဆုံးနေသည့်ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါသည်။




ကျောက်မဲမြို့နယ်တွင် ယခုလအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့၌ ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး  အမျိုးသား (၂)ဦး ရေနစ်သေဆုံးသွားခဲ့ကာ ပြည်သူလူထုများ၏ ပြောင်းဖူးစိုက်ခင်းများလည်း အများအပြားပျက်စီးသွားခဲ့ပါသည်။ 

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်