1317

သီပေါမြို့တွင် ပျက်စီးနေသည့်တိုးဂိတ်အဝင်လမ်းမကြီးကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေး

ဒေသတွင်းသတင်း / ဒေသတွင်း
11 August 2025

သီပေါမြို့တွင် ပျက်စီးနေသည့်တိုးဂိတ်အဝင်လမ်းမကြီးကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေး

သီပေါ၊ သြဂုတ်လ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် ပျက်စီးနေသည့်တိုးဂိတ်အဝင်လမ်းမကြီးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန် လည်ပြုပြင်ပေးခဲ့ပါသည်။

အဆိုပါလမ်းမသည် ပျက်စီးနေမှုကြောင့် ပြည်သူလူထုများမှ ကားဖြင့် ဖြတ်သန်းသွားလာရာတွင် အဆင်မပြေမှုများ ကြုံ တွေ့ရင်ဆိုင်နေကြရပါသည်။ ထိုကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ပြီးခဲ့သည့် ဇူလိုင်လ (၂၅)ရက်နေ့တွင် စတင်ပြုပြင်ခဲ့ပြီး သြဂုတ်လ (၅)ရက်နေ့တွင် ပြန်လည်ပြုပြင်ပြီးစီးခဲ့ပါသည်။

ထိုအပြင် ယခုမိုးရာသီကာလတွင် မိုးများအဆက်မပြတ်ရွာသွန်းနိုင်သောကြောင့် ရေမြောင်းများ ရေပိတ်ဆို့မှုမဖြစ်ပွားစေရန် တိုးဂိတ်ရှိ ရေမြောင်းကိုလည်း ပြန်လည်းတူးဖော်ရှင်းလင်းပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်း PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သီပေါမြို့နှင့် မန်တုံမြို့နယ်ရှိ ရွှေညောင်ပင်တံတားနှင့် မန်တောက်လမ်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် ပျက်စီးနေသည့်တိုးဂိတ်အဝင်လမ်းမကြီးကို မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်