1319

ကွတ်ခိုင်နှင့် မန်တုံမြို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
14 August 2025

ကွတ်ခိုင်နှင့် မန်တုံမြို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦး ဖမ်းဆီးရမိ


တအာင်းပြည်၊ သြဂုတ်လ ၁၄ရက်


တအာင်ပြည်၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး‌ရောင်းဝယ်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။ 





ကွတ်ခိုင်မြို့တွင် ပြီးခဲ့သည့် သြဂုတ်လ (၇)ရက်နေ့ ညနေပိုင်(၅း၀၀)နာရီအချိန်၌ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၃၃)နှစ်အရွယ် ဦးဒွယ်အောင်နှင့် အသက် (၂၃)နှစ်အရွယ် ဦးဒေါင်ဆေးတို့ထံ ယာမဆေးပြား (၈၀၀)ပြားနှင့် ဘိန်းဖြူ (၃)ဂရမ်၊ ဖုန်း (၁)လုံးနှင့် ဆိုင်ကယ် (၁)စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ ပြီးခဲ့သည့် သြဂုတ်လ (၉)ရက်နေ့၌ မန်တုံမြို့နယ်၊ ဟိုလင်းကျေးရွာတွင်နေထိုင်သည့် အသက် (၄၀)နှစ်အရွယ် ဦးအမန်သည် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဟု သတင်းရရှိပြီး မြို့နယ်ရဲတပ်ဖွဲ့မှ သွား ရောက်စစ်ဆေးရာတွင် ယာမဆေးပြား (၃၅)လုံး၊ ဘိန်းဖြူထည့်ထားသည့် ဆေးဗူး (၂)ဗူးနှင့် ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။


၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်‌နေ့လည်း မန်တုံမြို့၊ ဟိုခိုရပ်ကွက်တွင်နေထိုင်သည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်နှင့် မန်တုံမြို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်