1321

မိုင်းလုံမြို့တွင် PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးအများအပြား သယ် ဆောင်လာသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
15 August 2025

မိုင်းလုံမြို့တွင် PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးအများအပြား သယ် ဆောင်လာသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး ဖမ်းဆီးရမိ

မိုင်းလုံ၊ သြဂုတ်လ ၁၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်တွင် PSLF/TNLA တပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ် ကားဖြင့် မူးယစ်ဆေးဝါးအများအပြား သယ်ဆောင်လာသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် လားရှိုးမှဆင်းလာသည့် ကား(Land Cruiser) တစ်စီးကို စစ်ဆေးရာတွင် ယာမဆေး ပြား (၁ဝ၇,၈ဝဝ)ပြား သိမ်းဆီးရမိခဲ့ပါသည်။ 

၎င်းတို့သည် အသက် (၂၅)နှစ်အရွယ် ကိုဇော်မျိုးနောင်နှင့် အသက် (၃၅)နှစ်အရွယ် ‌ဒေါ်အိသန္ဒာဖြိုးတို့ဖြစ်ကြပြီး တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၁)ရက်နေ့လည်း မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၃)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့တွင် PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးအများအပြား သယ် ဆောင်လာသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်