1322

မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
15 August 2025

မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

မိုးကုတ်၊ သြဂုတ်လ ၁၅ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်း‌ရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းနှင့် ဂေါ်ရခါးပြည်သူလူထုတို့ သြဂုတ်လ (၁၄)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းက ဦးဆောင်ပြီး ဂေါ်ရခါးပြည်သူလူထုတို့နှင့် ဒေသတွင်းအုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် ဝိုင်းဝန်ဆွေးနွေးခဲ့ကြပါသည်။ ယခုကာလအတွင်း မိမိတို့ PSLF/TNLAတို့၏ လုပ်ငန်းဆောင်တာများနှင့် ရပ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်စေရန် ပြန်လည်ရှင်းပြခဲ့ပါသည်။

မိမိတို့ PSLF/TNLAသည် မိုးကုတ်မြို့ရှိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ‌ဒေသတွင်းတည်ငြိမ်ရေးကို ဆောင်ရွက်နိုင်ရန် ဂေါ်ရခါးပြည်သူလူထုကို ဖိတ်ခေါ်ခဲ့ပါသည်။ သို့သော်လည်း မိမိတို့တပ်ဖွဲ့တွင် စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသော ဂေါ်ရခါးလူမျိုးများကို ပြန်လည်လွတ်ပေးခဲ့ပါ သည်။ ထိုနောက် ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း ၎င်းတွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်း သူထံ ပြန်လည်အပ်နှံ့ခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်၊ PSLF/TNLA တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မိဘပြည် သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြား‌ရေးဌာန

Topics: မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်