1328

နမ့်ဆန်မြို့နယ်တွင် နေအိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူသွားသည့် တရားခံအား တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း
19 August 2025

နမ့်ဆန်မြို့နယ်တွင် နေအိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူသွားသည့် တရားခံအား တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

နမ့်ဆန်၊ သြဂုတ် ၁၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာတွင် နေအိမ်တစ်အိမ်ကို ဖောက်ထွင်းပြီး ရွှေနှင့် ပိုက်ဆံခိုးယူသွားသည့် တရားခံအား PSLF/TNLA  တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ဖမ်းဆီးရမိခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှ နေအိမ်ဖောက်ထွင်းခိုးယူမှုနှင့်ပတ်သက်၍  အဆင့်ဆင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင်  တရားခံဖြစ်သူ အသက် (၄၅)နှစ်အရွယ် ဦးမောင် ငယ်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ထိုနောက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ   ပြီးခဲ့သည့် ဇူလိုင်လတွင် ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့၌ ရက်လည်အိမ်ကိုသွားရောက်ကူညီပေးသည့်  ဦးမောင်မောင်တို့၏နေအိမ်ကို ၎င်းက အိမ်နောက်တံခါးပေါက်ဖောက်ထွင်းပြီး နေအိမ်အတွင်းရှိ  ငွေသား သိန်း (၁၈၀,၀၀,၀၀၀)ကျပ်၊ တရုတ်ငွေ (၂၀၀၀၀)ယွမ်နှင့် တစ်ကျပ်သားရှိ ရွှေဆွဲကြိုးတစ်ကုံးတို့ကို ခိုးယူထွက်ပြေးသွားခဲ့သည်။

လက်ရှိအချိန်တွင် ထိုအမျိုးသားကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းသည်  စစ်ကောင်စီတပ် အုပ်ချုပ်ခဲ့စဉ်ကာလအတွင်းလည်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် နေအိမ်တစ်အိမ်ကို ဖောက်ထွင်းခိုးယူသွားသည့် တရားခံအား တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်