ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ နေအိမ် (၅)အိမ်ထိမှန်ပျက်စီး
ကျောက်မဲ၊ စက်တင်ဘာ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊မြောက်ကုန်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၅)အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ယမန်နေ့ ညနေ (၅း၅၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့၊မြောက်ကုန်းရပ်ကွက်ကိုရည်ရွယ်ချက်ရှိရှိ ပြည်သူများကို ဦးတည်ပြီး တိုက်ခိုက်မှုကြောင့် နေအိမ်(၅)အိမ် ဗုံးစထိမှန် ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၄)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်မဲမြို့နယ်၊ ပန်သပြေကျေးရွာနှင့် ပန်ကွမ်ကျေးရွာတွင် လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ဗုံးနှင့် ရော့ကတ်ဗုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)လုံး၊ စာသင်ကျောင်း(၁)ကျောင်းနှင့် စေတီပုထိုးများ ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ