(၁၂)မိုင်ကျေးရွာတွင် ဒီဇယ်တင်ဆောင်လာသည့် ကားအား လမ်းမတွင်ပျက်နေသည့် ကားတစ်စီးကို ဆွဲပေးရန်လုပ်စဉ် တိမ်းမှောက်သွားရာမှ နေအိမ် (၂) လုံး မီးလောင်မှုဖြစ်ပွား
နမ့်ခမ်း၊ စက်တင်ဘာ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ (၁၂)မိုင်ကျေးရွာတွင် ဒီဇယ်တင်ဆောင်လာသည့် ကားအား လမ်းမတွင်ပျက်နေသည့် ကားတစ်စီးကို ဆွဲပေးရန်ပြုလုပ်စဉ် တိမ်းမှောက်သွားရာမှ နေအိမ် (၂)လုံးနှင့် ကား (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် စက်တင်ဘာလ (၄)ရက် နေ့လည် (၁၂း၅၉)နာရီအချိန်၌ နမ့်ဖတ်ကာမှ နမ့်ခမ်းသို့ တင်ပို့ရန် ဒီဇယ်တင်ဆောင်လာသည့် ဦးမော်ကွန်းနောင်သည် (၁၂)မိုင် ကျေးရွာရောက်ချိန် လမ်းမပေါ်တွင် မိုင်းညီသန်းရွှေဆိုသူ၏ ကားသည် ပျက်နေသောကြောင့် ထိုဦးမော်ကွန်းနောင်မှ ကားဆွဲပေးရန်လုပ်ရာ ၎င်းကားသည် နောက်ဘီးလိမ့်ပြီး လမ်းမအောက်ရှိ နေအိမ်(၂)အိမ်ပေါ်သို့ တိမ်းမှောက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါ ဒီဇယ်ကား တိမ်းမှောက်မှုကြောင့် ဦးလီကျားရှင်နှင့် ဦးအာစာဝ်တို့၏ နေအိမ်(၂)အိမ်နှင့် ကား(၁)စီး အားလုံးပျက်စီးဆုံးရှုံးမှုကာလတန်းဖိုး စုစုပေါင်း သိန်း ( ၂၄၀) ခန့်နှင့် တရုတ်ငွေ ယွမ် (၁၂၈၀၀၀)ယွမ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ထိုမီးလောင်မှုကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့မှ မီးသတ်ကားနှင့်အတူ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ရာမှ (၃း၄၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ