နမ္မတူမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၄)ဦး ဖမ်းဆီးရမိ
နမ္မတူ၊ စက်တင်ဘာ ၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့နယ်တွင် ပလောင်ပြည်နည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၄)ဦးကို ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂)ရက်နေ့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန်တွင်မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၄)ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အမျိုးသားတို့သည် အသက်(၂၆)နှစ်အရွယ် ဦးရှောလင်း၊ အသက် (၂၃)နှစ်အရွယ် ဦးလင်ချန့်၊ အသက် (၂၀)နှစ် အရွယ် မောင်အောင်ဟိန်းနှင့် အသက် (၃၂)နှစ် ဦးအောင်မိန်း (ဦးအိုင်ကုလား)တို့ဖြစ်သည်။ ၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်းဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ (၂၀)ရက်တွင်လည်း နမ္မတူမြို့နယ်၊ နားဆိုင်းဂိတ်တွင်တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်း၀ယ်သူအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ