1366

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစပါးခင်းထိခိုက်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
10 September 2025

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစပါးခင်းထိခိုက်ပျက်စီး

ကျောက်မဲ၊ စက်တင်ဘာ ၁၀ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ‌နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၃)လုံးနှင့် အသေခံဒရုန်းအသုံးပြုပြီး ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ လယ်ယာစပါးခင်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။




ယနေ့ နံနက်အစောပိုင်း (၁၂း၃၁)နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံး(၃)လုံးနှင့် (၁၂း၅၀)အချိန်တွင် အသေခံဒရုန်းဖြင့် ဗုံး(၂)လုံးအသုံးပြုကာ စစ်ကောင်စီတပ်မှ လွယ်ခေါ်ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ပြည်သူများကို ဦးတည်ပြီး တိုက်ခိုက်မှုကြောင့်  ဒေသခံလယ်ယာစပါးခင်း ထိခိုက်ပျက်စီးခဲ့သည်။



ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်တွင်လည်း ကျောက်မဲမြို့၊ ‌မြောက်ကုန်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၅)အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။



ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစပါးခင်းထိခိုက်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်