1440

ကွတ်ခိုင်မြို့တွင် နေအိမ်အတွင်း ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
29 September 2025

ကွတ်ခိုင်မြို့တွင် နေအိမ်အတွင်း ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား


ကွတ်ခိုင်၊ စက်တင်ဘာ ၂၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂)ရှိ နေအိမ်တစ်အိမ်တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားသွားခဲ့ပါသည်။


ဖြစ်စဉ်တွင် ယမန်နေ့ နံနက် (၇း၁၈)နာရီအချိန်၌ အသက် (၆၇)နှစ်အရွယ် ဒေါ်ခွန်စန်းသည် နေအိမ်အတွင်း ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့်  နေအိမ်မီးစတင်လောင်သွားခဲ့သည်။


၎င်းနေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုကာလတန်ဖိုး သိန်း (၃၀)ကျပ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။ ထိုမီးလောင်နေစဉ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုများ ဝိုင်းဝန်းပြီး နံနက် (၇း၄၈)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက်နေ့လည်း နမ့်ခမ်းမြို့နယ်၊ မန်ကောင်းကျေးရွာတွင် မွှေးထားသည့် မီးမှတစ်ဆင့် ဘုန်းကြီးကျောင်းအတွင်းရှိ ဇရပ်မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: ကွတ်ခိုင်မြို့တွင် နေအိမ်အတွင်း ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်