1456

နမ္မတူနှင့် မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ ကလေးအပါအဝင် (၆)ဦး ထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
02 October 2025

နမ္မတူနှင့် မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ ကလေးအပါအဝင် (၆)ဦး ထိမှန်ဒဏ်ရာရ


နမ္မတူ၊ အောက်တိုဘာ ၂ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ္မတူနှင့် မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ ကလေးအပါအဝင် (၆)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။


စစ်ကောင်စီတပ်သည် ယနေ့ နံနက် (၇း၂၀)နာရီအချိန်၌ ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် နမ္မတူမြို့တွင် (၁)လုံးနှင့် မန်တုံမြို့တွင် (၄)လုံးတို့ဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ 


ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့ရှိ ပြည်သူလူထု (၃)ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။


အလားတူ ယမန်နေ့လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုနေအိမ် (၁)အိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။

                                                                                                                                         

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏  ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန








Topics: နမ္မတူနှင့် မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံး၊ ကလေးအပါအဝင် (၆)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်