စစ်ကောင်စီတပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့်မြင်ကွင်း
နမ္မတူ၊ အောက်တိုဘာ ၂ရက်
သတင်းဓါတ်ပုံ
စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းအချိန်တွင် တအာင်းပြည်၊ နမ္မတူမြို့၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးရှိ ပြည်သူလူထုများ၏ နေအိမ်ကို လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် အပျက်အစီးများ မြင်တွေ့နေရသည့် မြင်ကွင်းဖြစ်ကြပါသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီတပ်က ပေါင် (၅၀၀)ဗုံးကြဲချခဲ့သောကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးသေဆုံးသွားခဲ့သည့်အပြင် ကလေးငယ် (၁)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ထိမှန်ဒဏ်ရာရခဲ့ပါသည်။
ထိုအပြင် ပြည်သူလူထုများ၏ နေအိမ် (၈)အိမ်လည်း ဗုံးကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။ စစ်ကောင်စီတပ်သည် ပြည်သူလူထုများကို သေကြေစေလိုသော်လည်းကောင်း၊ မြို့အတွင်း ပြည်သူလူထုများ မနေထိုင်ရဲသော်လည်းကောင်း စစ်ရေးပစ်မှတ်မဟုတ်သောပြည်သူလူထုနှင့် နေရာများတွင် လေကြောင်းနှင့် လက်နက်ကြီးကို အသုံးပြုပြီး စစ်ရာဇဝတ်မှုများ ပေါ်ပေါ်တင်တင်ကျူးလွန်နေကြပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန





မှတ်ချက်များ