ပန်လောကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီး
မိုင်းငေါ့၊ အောက်တိုဘာ ၁၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ပန်လောကျေးရွာကို တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် အောက်တိုဘာ (၁၂)ရက်နေ့တွင် တအာင်းစာပေအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသင်တန်းတွင် သံဃာတော် (၆)ပါးအပါအဝင် သင်တန်းသား (၄)ဦးနှင့် သင်တန်းသူ (၂၀)ဦး စုစုပေါင်း (၃၀)ဦးဟာ တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာပေအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates)များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း (၈၀) ကျော်တက်ရောက်ခဲ့ပါသည်။
အခြေခံတအာင်းရုံးသုံးစာ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းစာသည် တအာင်းပြည်ကို လွမ်းခြုံနိုင်ရေး၊ တအာင်းလူမျိုးအားလုံး တအာင်းစာများများဖတ်နိုင်ရန်အတွက် စာအုပ်များထုတ်လုပ်နိုင်ရေး၊ တအာင်းပြည်အတွင်း တအာင်းစာသင်တန်းကို ဖွင့်လှစ်နိုင်ရေးနှင့် တအာင်းလူမျိုးအားလုံး တအာင်းစာများကို ပြောတက်၊ ရေးတတ်၊ ဆိုတတ်၊ သုံးတတ်နိုင်ရန်တို့ ဖြစ်ပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့လည်း မိုင်းငေါ့မြို့နယ်၊ ပန်လုန်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းတတ်ရောက်ပြီးမြောက်သွားသည့် သင်တန်းသူ/သားစုစု ပေါင်း (၄၉)ဦးတို့ကို သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ