1544

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးသေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
21 October 2025

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးသေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ 


မိုင်းငေါ့၊ အောက်တိုဘာ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး သေဆုံးသွားခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ 



စစ်ကောင်စီတပ်သည် မိုင်းငေါ့မြို့၊  မြို့မစျေးအနီးတွင် ယမန်နေ့ ည (၈:၀၃)နာရီအချိန်၌ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးလာရောက်ကြဲချခဲ့သောကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးသေဆုံးသွားခဲ့ပြီး (၂)ဦးထိခိုက်ဒဏ်ရာရကာ  နေအိမ် (၁၀)အိမ်နှင့် ဆိုင်ခန်း (၅)ခန်းတို့ ထိမှန်ပျက်စီးသွားခဲ့ပါသည်။


အောက်တိုဘာ (၁၉)ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့နယ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ယခုလအောက်တိုဘာ (၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၆)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၂)ကြိမ်၊ မိုင်းလုံမြို့တွင် (၃)ကြိမ်၊ နမ့်ဆန်မြို့တွင် (၆)ကြိမ်၊ နမ္မတူမြို့တွင် (၆)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင်(၂)ကြိမ်တို့ စုစုပေါင်း (၃၂)ကြိမ်နှင့်ကျောက်မဲမြို့ကိုဒရုန်းဖြင့်(၁)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၇)ဦး၊ အမျိုးသား (၁၅)ဦး၊ အမျိုးသမီး (၂၀)ဦးသေဆုံးခဲ့ပြီးသံဃာတော်(၂)ပါး၊ ကလေး (၁၂)ဦး၊ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၁၈)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၄၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကျောင်းဆောင် (၈)ဆောင်၊မွေးမြူးရေးခြံ(၂)ခြံ၊ အဆောက်အဦး(၆)ခု၊ကား(၁)စီးနှင့်ဆိုင်ကယ်(၄)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။



#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးသေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်