1554

မိုးမိတ်မြို့တွင် သာမဏေတစ်ပါးသည် ရေချောင်းအတွင်း ရေသွားဆော့ကစားရာမှ ပျောက်ဆုံးနေ

ဒေသတွင်းသတင်း / ဒေသတွင်း
23 October 2025

မိုးမိတ်မြို့တွင် သာမဏေတစ်ပါးသည် ရေချောင်းအတွင်း ရေသွားဆော့ကစားရာမှ ပျောက်ဆုံးနေ

မိုးမိတ်၊ အောက်တိုဘာ ၂၃ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမိတ်ချောင်းအတွင်း သာမဏေတစ်ပါးသည် ရေသွားဆော့ကစားရာမှ ပျောက်ဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် အောက်တိုဘာ (၂၀)ရက်နေ့ နံနက် (၈း၀၀)နာရီအချိန်၌ ဆုတောင်းပြည့်စေတီကို သန်းရှင်းရေးလုပ်ပြီးနောက် ခနအနားယူနေစဥ် သက်တော် (၁၀)နှစ်အရွယ် ရှင်ပညာဗလသည် ရေချောင်းအတွင်း သွား‌ဆော့ကစားခဲ့ပါသည်။

၎င်းရေချောင်းအတွင်း ပျောက်ဆုံးနေသည့်သာမဏေတစ်ပါးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ရှာဖွေနေသော်လည်း ယမန်နေ့အထိ ရှာဖွေရေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်နေဆဲဖြစ်ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၃)ရက်နေ့လည်း ကွတ်ခိုင်မြို့နယ်၊ မန်ပိန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး ခြေချော်ပြီး နမ့်ခိုင်ချောင်းအတွင်း ပြုတ်ကျကာသေဆုံးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ နမိတ်ချောင်းအတွင်း သာမဏေတစ်ပါးသည် ရေသွားဆော့ကစားရာမှ ပျောက်ဆုံးသွားခဲ့ပါသည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်