နမ့်ခမ်းမြို့တွင် ကုန်တင်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ ယာဥ်မောင်းဖြစ်သူ ပြင်းထန်ဒဏ်ရာရ
နမ့်ခမ်း၊ အောက်တိုဘာလ ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ (၁၃)မိုင်အောက်တွင် ကုန်တင်ယာဥ်တစ်စီး တိမ်မှောက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်မောင်းဖြစ်သူမှ ပြင်းထန်ဒဏ်ရာရှိခဲ့သည်။
ထိုယာဉ်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၉)ရက်နေ့ နေ့လယ် (၁း၂၇)နာရီအချိန်တွင် နမ့်ဖတ်ကာမြို့မှ နမ့်ခမ်းမြို့သို့သွားနေစဉ် အခြားယာဥ်တစ်စီးကို ရှောင်နေချိန် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းသူ ဦးစော်ဘီလင်းသည် ဦးခေါင်းနှင့် ခါးတွင်ပြင်းထန်သော ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းအမျိုးသားကိုလည်း ဆေးကုသရန် ပို့ဆောင်ပေးခဲ့ပါသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၆)ရက်နေ့လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင် ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသမီး (၃)ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ