နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံကြဲချတိုက်ခိုက်
နမ္မတူ၊ အောက်တိုဘာ ၂၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများထပ်မံကြဲချတိုက်ခိုက်ခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ည (၈း၄၉)နာရီတွင် တစ်ကြိမ်၊ (၈း၅၀)နာရီတွင် တစ်ကြိမ်၊ (၈း၅၃)နာရီတွင် တစ်ကြိမ်နှင့် (၈း၅၅)နာရီတွင် တစ်ကြိမ် စုစုပေါင်း (၄)ကြိမ်ဖြင့် ဗုံး (၄)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။
ယခုအောက်တိုဘာ (၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေ
ကြောင်းဖြင့် မန်တုံမြို့တွင် (၂)ကြိမ်၊ ကျောက်မဲမြို့တွင် (၂)ကြိမ်၊ သီပေါမြို့တွင် (၆)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၃)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၆)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၄)ကြိမ် စုစုပေါင်း (၃၅)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၂၁)ဦးတို့ စုစုပေါင်း (၄၇)ဦးသေဆုံးခဲ့ပြီး ကလေး (၂၄)ဦး၊ အမျိုးသား (၁၉)ဦး၊ အမျိုးသမီး (၁၈)ဦး၊ သံဃာတော် (၂)ပါးတို့ စုစုပေါင်း (၆၃)ဦးထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၁၆၆)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၆)ကျောင်း၊ ကျောင်းဆောင် (၈)ဆောင်၊ အဆောက်အဦး (၆)ခု၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ်(၄)စီးနှင့် ကား (၁၀)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ