1560

မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း
24 October 2025

မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ  မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ

မိုင်းလုံ၊ အောက်တိုဘာ ၂၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် အောက်တိုဘာ (၂၂)ရက် ညနေ (၆း၀၀)နာရီအချိန်၌ မိုင်းလုံမြို့နယ်၊ ကုန်းညုရွာလမ်းခွဲတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှရှောင်တခင်စစ်ဆေးနေချိန်  အသက် (၄၃)နှစ်အရွယ် ဦးစံသိန်းထံ ယာမဆေးပြား (၇)ပြားနှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။

၎င်းကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲမှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ (၁၄)ရက် လည် မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်ဝယ်သူ အမျိုးသား (၂)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်