1580

တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၄၉)ဦးသေဆုံး၊ သံဃာတော်နှင့် ပြည်သူလူထု (၇၁)ဦးထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
01 November 2025

တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၄၉)ဦးသေဆုံး၊ သံဃာတော်နှင့် ပြည်သူလူထု (၇၁)ဦးထိခိုက်ဒဏ်ရာရ

တအာင်းပြည်၊ နိုဝင်ဘာလ ၁ရက်

တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၂၁)ဦးသေဆုံးသွားခဲ့ပြီး  သံဃာတော် (၆)ပါး၊ ကလေး (၂၆)ဦး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၇၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၁၀)စီးတို့  ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ရှိ  ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာနှင့် ဒရုန်းဖြင့် (၃)ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၂)ပါးထိမှန်ဒဏ်ရာရရှိကာ ဘုန်းကြီး ကျောင်း (၁)ကျောင်း၊ ဆွမ်းစားဆောင် (၁)ဆောင်နှင့် အဆောက်အဦး (၃)ခုတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။


ထိုအပြင် နမ္မတူမြို့နယ်လည်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဒရုန်းကိုအသုံးပြု၍  (၇)ကြိမ်ဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးသေဆုံးခဲ့ပြီးကလေး(၂)ဦး၊အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၆)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂၁)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကျောင်းဆောင် (၆)ဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့သည်။


အလားတူ မန်တုံမြို့နယ်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂)ကြိမ်လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၆)အိမ်ထိခိုက်ပျက်စီးသွားခဲ့သည်။ သီပေါမြို့လည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ (၆)ကြိမ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့်  အမျိုးသား (၂)ဦးသေဆုံးခဲ့ပြီးအမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂၄)အိမ်၊ စာသင်ကျောင်း (၂)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် အဆောက်အဦး (၁)ခုတို့ထိမှန်ပျက်စီးသွားခဲ့သည်။


မိုင်းလုံမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်(၅)ကြိမ်လာရောက်ကြဲချသောကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၃)ဦး၊ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ သေဆုံးခဲ့ပြီး သံဃာတော် (၄)ပါး၊ ကလေး (၂)ဦး၊ အမျိုးသား (၁)ဦးနှင့်အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၈)အိမ်၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် ကျောင်းဆောင်(၁)ဆောင်တို့ထိမှန်ပျက်စီးသွားခဲ့သည်။

၎င်းအပြင် မိုင်းငေါ့မြို့နယ်လည်းစစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၃)ကြိမ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၈)အိမ်၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ကျောင်းဆောင် (၁)ဆောင်နှင့် ဆိုင်ခန်း(၅)ခန်းတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုအတူ နမ့်ဆန်မြို့နယ်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာကို အသုံးပြု၍ (၆)ကြိမ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၂)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၉)ဦးသေဆုံးခဲ့ပြီးကလေး(၉)ဦး၊အမျိုးသား(၆)ဦးနှင့်အမျိုးသမီး(၄)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆၂)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၂)ကျောင်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၉)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၄)ကြိမ်ဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၃)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး ကလေး (၁၂)ဦးနှင့် အမျိုးသမီး (၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)အိမ်နှင့် မွေးမြူးရေးခြံ (၂)ခြံထိမှန်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် မိုးမိတ်မြို့နယ်လည်း ဂျက်ဖိုက်တာဖြင့် (၅)ကြိမ်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၂)ဦး၊ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးခဲ့ပြီး ကလေး (၁)ဦး၊ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၄)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၄)အိမ်နှင့် ကား(၁)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့်မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၄၉)ဦးသေဆုံး၊ သံဃာတော်နှင့် ပြည်သူလူထု (၇၁)ဦးထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်