တအာင်းပြည်တွင် အောက်တိုဘာအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၉)ဦးနှင့် သုံးစွဲသူ (၂၃)ဦး ဖမ်းဆီးနိုင်ခဲ့
တအာင်းပြည်၊ နိုဝင်ဘာလ ၁ရက်
တအာင်းပြည်၊ သီပေါ၊ မိုင်းဝီး၊ ကွတ်ခိုင်၊ မိုးကုတ်၊မိုင်းလုံနှင့် မိုင်းယော်မြို့နယ်တို့တွင် အောက်တိုဘာအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၉)ဦးနှင့် သုံးစွဲသူ (၂၃)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
သီပေါမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဥ် မူးယစ်ဆေးဝါးသုံးစွဲသူ (၁)ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးတို့ထံ ဘိန်းဖြူထည့်ထားသည့်ပလတ်စတစ်ဗူး တစ်တဝက်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
မိုင်းဝီးမြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၄)ဦးနှင့် မူယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးထံ ယာမဆေးပြားအထုပ်သေး (၂)ထုပ်နှင့် (၂၉၃)ပြားတို့ သိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ ကွတ်ခိုင်မြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၅)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။ မိုးကုတ်မြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့်မူးယစ်ဆေးဝါးသုံးစွဲ (၃)ဦးသူတို့ထံ ယာမဆေးပြားအထုတ်သေး (၂၁)ထုတ်၊ ယာမ ဆေးပြား (၇၅)၊ဘိန်းဖြူဆပ်ပြာခွက် (၁)ခွက်၊ ဘိန်းဖြူထည့်ထားသည့်အချိုရည်ပိုက် (၁၀)ပိုက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုအပြင် မိုင်းလုံမြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးထံ ဘိန်းဖြူဆပ်ပြာခွက် (၂)ခွက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် မိုင်းယော်မြို့တွင်လည်း ရှောင်တခင်စစ်ဆေးရာမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးထံ ယာမဆေးပြား (၁၁၈)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်စက်တင်ဘာအတွင်းလည်း တအာင်းပြည် ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့် သုံးစွဲသူ (၄၃)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

မှတ်ချက်များ