1590

တအာင်းပြည်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနှင့် မြေပြိုမှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
05 November 2025

တအာင်းပြည်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနှင့် မြေပြိုမှုဖြစ်ပွား

နမ့်ဆန်၊ နိုဝင်ဘာ ၅ရက်
တအာင်းပြည်သတင်း

ယခုရက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းပြည်၊ နမ္မတူမြို့၊ မန်တုံမြို့၊ နမ့်ဖက်ကာမြို့နှင့် မိုင်းဝီးမြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားရာပြီး မြေပြိုမှုနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။












နမ္မတူမြို့နယ်တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာကာ မြို့မရပ်ကွက်တွင်  နေအိမ် (၄)အိမ် နစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ ထိုအပြင် ပြည်သူလူထူများစိုက်ပျိုးထားသည့်သီးနှံများလည်း ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။






၎င်းနောက်တွင် နမ္မတူနှင့် မိုင်းဘော်သို့ ဆက်သွယ်ထားသည့် နမ့်ရီးတံတားလည်း ရေနစ်မြှုပ်သွားခဲ့ပြီး နမ္မတူနှင့် မန်တုံမြို့သို့ သွားသည့်လမ်းမကြီးလည်း မြေပြိုမှုကြောင့် လမ်းမကြီးပျက်စီးမှုဖြစ်ပွားနေသည်။

အလားတူ ကွတ်ခိုင်ခရိုင်၊  နမ့်ဖက်ကာမြို့နယ်ရှိ ဟိုမောရေချောင်းလည်း ရေကြီးရေလျှံဖြစ်ပွားရာမှ ပြည်သူလူထုများ ရိပ်သိမ်းထားသည့် လယ်ယာစပါးများလည်း ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထိုအတူ မိုင်းဝီးမြို့လည်း ရေချောင်းအနီးတွင်နေထိုင်ကြသည့်ပြည်သူလူထုများ၏ နေအိမ် အချို့လည်း ရေများဝင်လာသောကြောင့် ပြောင်းရွေ့နေထိုင်ကြရသည်။

ယခုရက်တစ်ပတ်အတွင်း မိိုးများအဆက်မပြန်ရွာသွန်းနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက်  ပြည်သူလူထုများအနေဖြင့်  မြေပြိုမှုဖြစ်ပွားနိုင်သည့်နေရာနှင့် ရေကြီးရေလျှံဖြစ်ပွားနိုင်သည့် နေရာများအား ရှောင်ရှားကြရန်နှင့် သွားလာရေးကိုလည်း အထူးသတိပြုရန်လိုအပ်ကြောင့် အသိပေးအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနှင့် မြေပြိုမှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်