မန်တုံမြို့တွင် တအာင်းပညာရေးရန်ပုံငွေ ထီရောင်းအားမြှင့်တင်ရန် ပညာရေးထီအဖွဲ့မှ ဒေသခံလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
မန်တုံ၊ နိုဝင်ဘာလ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီသည် တအာင်းပညာရေးရန်ပုံငွေ ထီရောင်းအားမြှင့်တင်ရေးကို မန်တုံမြို့တွင် တအာင်းထီအဖွဲ့မှ ပြီးခဲ့သည့် နိုဝင်ဘာ (၂၂)ရက်နေ့၌ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် ထီမှရရှိသည့် အမြတ်ငွေများအား ပညာရေးလုပ်ငန်းတွင် အသုံးပြုနေကြောင်း ရှင်းလင်းခြင်း၊ ထီရောင်းအားကျသည့်အပေါ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဥက္ကဌများမှ အခက်အခဲတင်ပြရှင်းလင်းခြင်း၊ ထီရောင်းအားမြှင့်နိုင်သည့်နည်းလမ်းများ အကြုံပြုပေးခြင်း အပါအဝင် ထီရုံးအဖွဲ့မှ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ကြသည်။

တအာင်းပြည် တအာင်းပညာရေးရန်ပုံငွေအတွက် ထီရုံးဝန်ထမ်းများနှင့် မန်တုံမြို့နယ်ရှိ အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဌများနှင့် ပြည်သူလူထုများအပါအဝင် လူဦးရေ (၆၀)ဦးတတ်ရောက်ခဲ့ကြပြီး ထီရောင်းအား မြှင့်တင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ ပြည်သူလူထုများအား လစဉ်ထီပုံမှန်ပါဝင် ကံစမ်းရန်လည်း အကြံပြုတိုက်တွန်းခဲ့ပါသည်။
တအာင်းပြည်ပညာရေးထီကို တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးဆောင်ပြီး ၂၀၂၂ခုနှစ် ဇွန်မှစတင်လုပ်ငန်းဖော်ခဲ့ရာတွင် ယခု ၂၀၂၅ခုနှစ် အောက်တိုဘာလအနေဖြင့် (၂၉)ကြိမ်မြောက် ထီဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီသည် တအာင်းပညာရေးရန်ပုံငွေ ထီရောင်းအားမြှင့်တင်ရေးအတွက် တအာင်းထီအဖွဲ့မှ ပြီးခဲ့သည့် နိုဝင်ဘာ (၁၆)ရက်နေ့၌ နမ့်ဆန်မြို့တွင် ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ