ကွတ်ခိုင်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိ
ကွတ်ခိုင်၊ နိုဝင်လာ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ ညနေ (၃း၃၀)နာရီအချိန်၌ ရပ်ကွက်(၈)ဂေါက်ကွင်းဘက်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်လှည့်လည်စစ်ဆေးနေစဉ် အသက် (၃၉)နှစ်အရွယ် ဦးဂျန်ဂျာရှင်ဆိုသူ၏ ဆိုင်ကယ်စစ်ဆေးရာမှ ဘိန်းဖြူ ဆပ်ပြာခွက် (၁)ခွက်၊ ဖုန်း (၁)လုံးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
၎င်းကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၁၇)ရက်နေ့လည်း ကွတ်ခိုင်မြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သည့် အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ