PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ နိုဝင်ဘာအတွင်း ကျေးရွာပေါင်း (၅၅)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
နမ့်ဆန်၊ ဒီဇင်ဘာ ၁ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အောက်တိုဘာအတွင်း ကျေးရွာပေါင်း (၅၅)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။

ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၉)ရွာ၊ မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၂၈)ရွာ၊ မန်တုံမြို့နယ် ကျေးရွာ (၈)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာနှင့် မိုင်းလုံမြို့နယ်ရှိ ကျေးရွာ (၃)ရွာတို့ကို ဖြစ်ကြပါသည်။

အဆိုပါမြို့နယ် (၇)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၅,၉၉၁)ဦးတို့ကို အမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာအသိပညာပေးစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။

PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာအတွင်းလည်း မန်တုံမြို့နယ်ရှိ ကျေးရွာ (၅)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂)ရွာနှင့် မူဆယ်မြို့နယ်ရှိ ကျေးရွာ (၇)ရွာတို့ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၄၈၈)ဦးတို့ကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးပြုလုပ်ပေးနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ