1678

ကွတ်ခိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားပြုလုပ်ကျင်းပ

ဒေသတွင်းသတင်း
11 December 2025

ကွတ်ခိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားပြုလုပ်ကျင်းပ

ကွတ်ခိုင်၊ ဒီဇင်ဘာ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ (၁၀)ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားကို ကွတ်ခိုင်မြို့တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

ထိုအခမ်းအနားတွင် လူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ်များကိုဖတ်ကြားရှင်းလင်းပေးခြင်း၊ လူ့အခွင့်အရေးအကြောင်းအရာများနှင့်ပတ်သက်၍ အပြန်အလှန်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်းဖြေကြားခြင်းအပါအဝင် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေပေးခြင်းပြုလုပ်ခဲ့ကြသည်။

အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀)ဦးကျော်တက်ရောက်ခဲ့ကြသည်။

ဒီဇင်ဘာ (၁၀)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကို တအာင်းပြည်ရှိ မြို့နယ်အသီးသီးကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ်တချို့လည်း အသံတိတ်သပိတ်များပြုလုပ်ခဲ့ကြပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်