1713

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် PSLF/TNLA မှ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ် (၁၀၀)ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေ

ဒေသတွင်းသတင်း / ဒေသတွင်း
13 January 2026

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် PSLF/TNLA မှ  ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ် (၁၀၀)ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေး

တအာင်းပြည်၊ ဇန်နဝါရီ ၁၃ရက်

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း၏ အမိန့်ဖြင့် ဖမ်းဆီးထိန်းထိမ်းထားသည့် စစ်ကောင်စီတပ် (၁၀၀)ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် စစ်ကောင်စီတပ်မှ (၁၀၀) ဦး၊ RCSS တပ်ဖွဲ့မှ (၄) ဦးနှင့် အခြားအဖွဲ့အစည်းများမှ (၇) ဦး ပါဝင်ပြီး စုစုပေါင်း (၁၁၁) ဦး ဖြစ်ပါသည်။ လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည် အသက်ကြီးသူများ၊ စစ်ပြေးသူများ ဖြစ်ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရသူများသည်၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးရမိခဲ့သူများဖြစ်ကြသည်။

PSLF/TNLA အနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် တအာင်းအမျိုးသားအထိမ်းအမှတ်နေ့ အခါသမယတွင် ယခုကဲ့သို့ ဖမ်းဆီးထိိန်းသိမ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် PSLF/TNLA မှ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ် (၁၀၀)ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်