1714

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို မန်တုံမြို့၌ ပြည်သူလူထုများနှင့်အတူ စည်ကားခမ်းနားစွာ ကျင်းပပြီးစီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
13 January 2026

(၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို မန်တုံမြို့၌ ပြည်သူလူထုများနှင့်အတူ စည်ကားခမ်းနားစွာ ကျင်းပပြီးစီးခဲ့

မန်တုံ၊ ဇန်နဝါရီ ၁၃ရက်
တအာင်းပြည်သတင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို တအာင်းပြည်၊ မန်တုံမြို့၌ ပြည်သူလူထုများနှင့်အတူ စည်ကားခမ်းနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
















အဆိုပါ အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် တားခူလန်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့အပါအဝင် PSLF/TNLA အရာရှိ၊ အရာခံများ၊ ရဲဘော်ရဲမေများနှင့် ဒေသခံပြည်သူများ အများအပြား တက်ရောက်ဆင်နွဲခဲ့ကြသည်။






အခမ်းအနားအတွင်း PSLF/TNLA မှ စစ်သည်တော် အင်အား (၁၅၀၀) ကျော်ဖြင့် စစ်ကြောင်း (၁၅) ကြောင်း ခွဲကာ စစ်ရေးပြ ချီတက်ပြသခဲ့ပြီး ဂုဏ်ပြုစစ်ကြောင်းအဖြစ်(၁) တားခွန်အေးစစ်ကြောင်း(၂) တားခွန်သောင်းစစ်ကြောင်း(၃) တားဂေါင်းဂျားစစ်ကြောင်း(၄) တားအပန်းစစ်ကြောင်း(၅) တားမူဆယ်စစ်ကြောင်း(၆) တားရောဘတ်စစ်ကြောင်းတို့မှ စစ်ရေးပြသရုပ်ဖော်ပြသခဲ့ကြသည်။









ထို့အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲကာလအတွင်း အသက်ပေးလှူခဲ့ကြသည့်  တားရောဘတ်၊ တားညီလတ်နှင့် တားညီဆာတို့အား သီဟသူဘွဲ့ဆုများ ချီးမြှင့်ခဲ့ပြီး အားကစား ဘောလုံးပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း ဆုအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။


တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ (၁၁)ရက်နေ့မှာ အပတ်စဉ်(၅) အလုပ်သင် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး (၁၂)ရက်နေ့မှာ တော်လှန်ရေးနေ့ အခမ်းအနားကို စည်ကားခမ်းနားစွာ ကျင်းပခဲ့သည်။


တအာင်းအမျိုးသားတော်လှန်ရေးကို ၁၉၆၃ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ပလောင်အမျိုးသားတပ်ဦး (PNF) မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် မန်တုံမြို့ အားကစားဘောလုံးကွင်း၌ PSLO/PSLA အဖွဲ့မှ စစ်အစိုးရ၏ လက်နက်ဖြုတ်သိမ်းမှုကို ခံခဲ့ရသည်။






















ယခု (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကိုမူ ယခင်သမိုင်းဝင် နေရာတစ်ခုတည်း၌ပင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တအာင်းအမျိုးသားတစ်ရပ်လုံးအတွက် ဂုဏ်ယူဖွယ်၊ သမိုင်းဝင် အခမ်းအနားအဖြစ် စည်ကားခမ်းနားစွာ ပြုလုပ်နိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: (၆၃) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို မန်တုံမြို့၌ ပြည်သူလူထုများနှင့်အတူ စည်ကားခမ်းနားစွာ ကျင်းပပြီးစီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်