မန်ပူကျေးရွာအကျော်တွင် ပါဂျရိုကား ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၁)ဦး သေဆုံး၊ (၁)ဦးထိခိုက်ဒဏ်ရာရ
မိုင်းဝီး၊ ဖေဖော်ဝါရီ ၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြိုနယ်၊ မန်ပူကျေးရွာအကျော်တွင် မီးသွေးတင်ဆောင်လာသည့် ပါဂျရိုကားတစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၁) ဦး သေဆုံးပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက် (၉:၁၅) နာရီခန့်တွင် အထက်ပန်ယုတ်ကျေးရွာမှ မီးသွေးအိတ် (၆၀) အိတ်တင်ဆောင်လာသည့် ပါဂျရိုကားသည် နမ့်ခမ်းမြိုသို ပိုဆောင်နေစဉ် မန်ပူကျေးရွာအကျော် ကုန်းဆင်းအရောက်တွင် ဘရိတ်ပေါက်မှုဖြစ်ပွားကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားမောင်းသူ အသက် (၂၄) နှစ်အရွယ် မောင်သန်းထွန်းသည် နေရာ၌ပင် သေဆုံးခဲ့ပြီး နောက်ပါလာသူ အသက် (၁၇) နှစ်အရွယ် မောင်မင်းခန့်စည်သူမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်ပွားရာနေရာသို ကျေးရွာပြည်သူလူထုများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ တအာင်းပြည် ရဲတပ်ဖွဲဝင်များက သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်လည်း ပန်ဟန်ကြီးကျေးရွာနှင့် မိုင်းဝီးမြိုသို သွားရာလမ်းကြား၌ ပါဂျရိုကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဘုန်းတော်ကြီး (၅) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
Telegram (https://t.me/taangtv2023)
PSLF/TNLA News
မှတ်ချက်များ