1753

၂၀၂၅ ဘဏ္ဍာနှစ်အတွင်း PSLF/TNLA ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ လမ်းနှင့် တံတား ပြုပြင်ဆောက်လုပ်မှု စီမံကိန်း (၂၄၈) ခု ပြီးစီး

ဒေသတွင်းသတင်း
11 February 2026

၂၀၂၅ ဘဏ္ဍာနှစ်အတွင်း PSLF/TNLA ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ လမ်းနှင့် တံတား ပြုပြင်ဆောက်လုပ်မှု စီမံကိန်း (၂၄၈) ခု ပြီးစီး


တအာင်းပြည်၊ ဖေဖော်ဝါရီ ၁၁ရက်

တအင်းပြည်သတင်း


၂၀၂၅ခုနှစ် တစ်နှစ်တာကာလအတွင်းတွင် PSLF/TNLA၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ နမ့်ဆန်ခရိုင် ၊ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်တိုတွင် ပြည်သူလူထု၏ သွားလာရေးအဆင်ပြေစေရန်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်၍ လမ်းနှင့် တံတားများ ပြုပြင်ဆောက်လုပ်မှု စီမံကိန်း စုစုပေါင်း (၂၄၈) ခု ပြီးစီးနိုင်ခဲ့ပါသည်။




အဆိုပါ လမ်းနှင့် တံတား စီမံကိန်းများမှာ ခရိုင် (၅)ခုအတွင်းရှိ မြိုနယ်များနှင့် ကျေးရွာများကို ချိတ်ဆက်ပေးသည့် အရေးပါသော သယ်ယူပိုဆောင်ရေး လမ်းကြောင်းများဖြစ်ပြီး မိုးရာသီအတွင်း ပျက်စီးယိုယွင်းနေသည့် လမ်းများ၊ သက်တမ်းကုန်ကြာမြင့်ကာ အသုံးပြုရန် အန္တရာယ်ရှိလာသည့် တံတားများကို ဦးစားပေး၍ ပြန်လည်ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 





၎င်းပြန်လည်ဆောက်လုပ်ခြင်း နှင့် ပြုပြင်ခြင်းလုပ်ငန်းများတွင် တံတားတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း (၃၆)ခု၊ ကတ္တရာလမ်းခင်းခြင်းနှင့် ကတ္တရာလမ်း ဖာထေးခြင်းလုပ်ငန်း(၇၁)ခု၊ လမ်းခင်းခြင်းနှင့် လမ်းပြုပြင်ခြင်း(၁၀)ခု၊ ဆေးသုတ်ခြင်းလုပ်ငန်း(၂၄)နေရာ အပါအဝင် လမ်းနှင့် တံတားများ၊ မြေထိန်းနံရံများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် စနစ်တကျ ပြုပြင်ထိန်းသိမ်းခဲ့ကြသည်။ 


ထိုအပြင် ရေမြောင်းတူးဖော်ခြင်းနှင့် ရေမြောင်းရှင်းလင်းခြင်း(၃၉)ခု၊ လမ်းဘေး ဝဲ/ယာ ခြုံရှင်းလင်းခြင်း (၆၂)ခု၊ ရေတားတမံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း ပြုပြင်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း (၄)ခု၊ မြိုနယ်ချင်းဆက်သွယ်လမ်းများ မြေဖိုညှိခြင်း (၂)ခုတိုကိုလည်းဆောင်ရွက်ခဲ့သည်။


အဆိုပါ လမ်းနှင့် တံတား ဆောက်လုပ်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် စုစုပေါင်းအားဖြင့် ကျပ် သိန်းပေါင်း (၉၅၅၁၉) ကျော် အသုံးပြုခဲ့သည်။ အလားတူ ၂၀၂၆ ဘဏ္ဍာနှစ်အတွင်းတွင်လည်း  PSLF/TNLA၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒေသခံပြည်သူများ၏လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်နှင့် ကျေးရွာများအကြား သွားလာရေးလွယ်ကူလာစေရန်နှင့် ဒေသဖွံဖြိုးရေးအတွက် လမ်းနှင့် တံတားစီမံကိန်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန


Topics: ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း PSLF/TNLA ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ လမ်းနှင့် တံတား ပြုပြင်ဆောက်လုပ်မှု စီမံကိန်း (၂၄၈) ခု ပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်