1759

မိုင်းငေါ့တွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို တွေ့ဆုံနွေးဆွေးပွဲပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
16 February 2026

မိုင်းငေါ့တွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို တွေ့ဆုံနွေးဆွေးပွဲပြုလုပ်


မိုင်းငေါ့၊ ဖေဖော်ဝါရီ ၁၆ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြိုတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ မြိုနယ်ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကြား တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၁၅) ရက်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ခြောက်သွေ့ရာသီရောက်ရှိလာသည့်အတွက် မီးဘေးအန္တာရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးနှင့် မြိုပြသာယာလှပရေးလုပ်ငန်းများ၊ လမ်းနှင့် တံတားများ ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေးစသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ထိုပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတိုဒေသတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းညှိနှိင်း ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။





ယခု ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြိုရပ်ကွက်နှင့် ကျေးရွာများ၏ ဒေသဖွံဖြိုးရေးနှင့် အေးချမ်းသာယာရေးလုပ်ငန်းစီမံကိန်းများကိုလည်း ဆွေးနွေးညှိနှိင်းခဲ့ကြသည်။





အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ လုပ်ငန်းတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အပါအဝင် လူဦးရေ (၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ (၅)ရက်နေ့တွင်လည်း မိုင်းလုံမြိုတွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြိုနယ်ကော်မတီများတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။


ထိုအပြင် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင်လည်း မိုင်းလုံမြို၌ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြိုနယ်ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့တွင် PSLF/TNLA မြိုနယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို တွေ့ဆုံနွေးဆွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်