နမ့်ခမ်းမြိုနယ်တွင် မတ်လအတွင်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၈)ဦး ဖမ်းဆီးရမိ
နမ့်ခမ်း၊ မတ်လ ၃၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြိုနယ်တွင် မတ်လအတွင်း တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၈)ဦး စုစုပေါင်း (၁၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၃)ရက်တွင် ရှောင်သခင်စစ်ဆေးနေစဥ် အသက် (၂၇)နှစ် မောင်အိုက်ထွန်း၊ အသက် (၅၉)နှစ် ဦးအိုက်ယွန်း၊ အသက် (၆၀)နှစ် ဦးစိုင်းနှင့် အသက် (၃၄)နှစ် ဒေါ်အောင်မိုင်းတိုကို ဖမ်းဆီးရမိခဲ့သည်။
ထိုအပြင် နမ့်ခမ်းမြိုနယ် မန်နောင်ကျေးရွာတွင် မတ်လ (၁၁) ရက်နေ့၌ မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက် (၆၅) နှစ်အရွယ် ဦးအောင်မြတ်၊ အသက် (၅၀) နှစ်အရွယ် ဒေါ်ယီခမ်းနှင့် အသက် (၆၅) နှစ်အရွယ် ဒေါ်မန်ယီတိုကို ဖမ်းဆီးရမိခဲ့ပြီး မတ်လ (၁၅) ရက်နေ့တွင်လည်း အသက် (၄၁) နှစ်အရွယ် ဦးညီအေးကို တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ ကင်းလှည့်ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့သည်။
ထိုနောက် မတ်လ (၂၃) ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက် (၃၄) နှစ်အရွယ် ဦးထွန်းလွင်၊ အသက် (၃၂) နှစ်အရွယ် ဦးလေစန်းနှင့် အသက် (၃၉) နှစ်အရွယ် ဦးကျောက်အန်တာတိုကိုလည်း ကင်းလှည့်ဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်မှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ