1802

PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ မတ်လအတွင်း ကျေးရွာ (၃၄) ရွာတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
01 April 2026

PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ မတ်လအတွင်း ကျေးရွာ (၃၄) ရွာတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့


နမ့်ဆန်၊ ဧပြီ ၁ရက်

တအာင်းပြည်သတင်း


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံဖြိုးတိုး တက်ရေးဌာနသည် မတ်လအတွင်း ကျေးရွာပေါင်း (၃၄) ရွာရှိ ပြည်သူလူထုများထံ ကွင်းဆင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။




အဆိုပါ အသိပညာပေးကွင်းဆင်းလုပ်ငန်းများကို နမ့်ခမ်းမြိုနယ်ရှိ ကျေးရွာ (၂) ရွာ၊ မိုင်ဝီးမြိုနယ်ရှိ ကျေးရွာ (၄) ရွာ၊ မိုင်းငေါ့မြိုနယ်ရှိ ကျေးရွာ (၃) ရွာ၊ သီပေါမြိုနယ်ရှိ ကျေးရွာ (၄) ရွာ၊ နမ့်ဆန်မြိုနယ်ရှိ ကျေးရွာ (၆) ရွာ၊ မန်တုံမြိုနယ်ရှိ ကျေးရွာ (၁၂) ရွာ၊ နမ္မတူမြိုနယ်ရှိ ကျေးရွာ (၂) ရွာနှင့် ကျောက်မဲမြိုနယ်ရှိ ကျေးရွာ (၁) ရွာတိုတွင် ဆောင်ရွက်ခဲ့ပါသည်။





ထိုသို ကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ် (၈) ခုမှ ပြည်သူလူထု စုစုပေါင်း လူဦးရေ (၁၁၈၉) ဦးအား အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစုတည်ဆောက်ရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေး၊ အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးနှင့် ပညာရေး၊ မိသားစုစီမံကိန်း၊ စောစီးစွာ အိမ်ထောင်ကျခြင်း၊ အမျိုးသမီးနှင့် ကျန်းမာရေးနှင့် Online ကျားဖြန့်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။




PSLF/TNLA ၏ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံ လူ့အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးကို အဓိကထား၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး၊ လူထုအသိပညာပေး စည်းရုံးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှု တိုးတက်ရေး အစီအစဉ်များကို ချမှတ်ကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။





ထိုပြင် ဖေဖော်ဝါရီလအတွင်းတွင်လည်း နမ့်ဆန်မြိုနယ်ရှိ ကျေးရွာ (၁၇) ရွာ၊ သီပေါမြိုနယ်ရှိ ကျေးရွာ (၁) ရွာ၊ မိုင်းငေါ့မြိုနယ်ရှိ ကျေးရွာ (၁၀) ရွာ၊ နမ့်ခမ်းမြိုနယ်ရှိ ကျေးရွာ (၁၆) ရွာနှင့် ကွတ်ခိုင်မြိုနယ်ရှိ ကျေးရွာ (၅၄) ရွာတိုမှ ပြည်သူလူထု စုစုပေါင်း လူဦးရေ (၅၃၈၇) ဦးအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။





Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန


Topics: PSLF/TNLA အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာနမှ မတ်လအတွင်း ကျေးရွာ (၃၄) ရွာတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်