နမ့်ခမ်းမြိုအတွင်း PSLF/TNLA မြိုနယ်စည်ပင်သာယာ ရေးအဖွဲမှ ပြည်သူလူထု၏ သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန် လမ်းနှင့် တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့
နမ့်ခမ်း၊ ဧပြီ ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြိုအတွင်းရှိ ရပ်ကွက်များတွင် ပြည်သူလူထု၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန် ရည်ရွယ်၍ PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲမှ ပျက်စီးယိုယွင်းနေသော လမ်းများနှင့် တံတားများကို စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှ စတင်၍ မတ်လအထိ ကာလအတွင်း မြိုတွင်းရှိ ရပ်ကွက်အသီးသီးတွင် ပျက်စီးယိုယွင်းနေသော လမ်းများကို ကွန်ကရစ်လမ်း (၁၅) ခု
လမ်းခင်းခြင်း ၊ တံတား (၂) စင်းနှင့် မြေသားရေမြောင်း (၃) ခုဖောက်လုပ်ပြုပြင်ခြင်း တိုကို စနစ်တကျ ပြုပြင်ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါ ပြုပြင်ရေးလုပ်ငန်းများအနက် နမ့်ခမ်းမြိုရှိ ဟိုကပ်၊ အောင်မင်္ဂလာနှင့် ကောင်နောင်မို ရပ်ကွက်များရှိ လမ်းများကို အောင်မြင်စွာ ပြုပြင်ပြီးစီးခဲ့ပြီး ပြည်သူလူထု၏ သွားလာရေး ပိုမိုလုံခြုံချောမွေ့လာစေရန် အထောက်အကူပြုလျက်ရှိပါသည်။
ထိုအပြင် နမ့်ခမ်းမြိုရှိ အောင်ချမ်းသာရပ်ကွက်တွင် ပျက်စီးနေသော တံတားတစ်စင်းကို ပြန်လည်တည်ဆောက်ပြီးစီးခဲ့ပြီး ဝိန်းဆာ၊ မန့်ခမ်း၊ ကောင်းဆာနှင့် ပေါက်နေရပ်ကွက်များတွင် လမ်းပြုပြင်ခြင်းနှင့် လမ်းတိုးချဲ့လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ထိုပြင် ပေါက်တိုက်၊ ဟိုနောင်၊ မိုခမ်း၊ စာရေးတန်းနှင့် နောင်စန့်ရပ်ကွက်များရှိ လမ်းများကိုလည်း ဆက်လက် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လမ်းနှင့် တံတား ပြုပြင်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ကုန်ကျငွေ သိန်းတစ်သောင်းငါးထောင်ကျော် အသုံးပြုခဲ့ပြီးဖြစ်သည်။ မြိုနယ်စည်ပင်သာယာရေးအဖွဲအနေဖြင့် လက်ရှိတွင် ပြုပြင်ရန်ကျန်ရှိနေသော လမ်းများ၊ တံတားများ၊ ရေမြောင်းတူးဖော်ရေးလုပ်ငန်းများနှင့် လမ်းတိုးချဲ့ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
PSLF/TNLA မြိုနယ်စည်ပင်သာယာရေးအဖွဲအနေဖြင့် ပြည်သူလူထု၏ သွားလာရေးကို ချောမွေ့စေရန်နှင့် မြို၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ကာ စနစ်တကျ ဆောင်ရွက်လျက်ရှိနေပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ