1856

နမ့်ခမ်းနှင့် မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၁၃)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
07 May 2026

နမ့်ခမ်းနှင့် မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ  (၃)ဦးနှင့် သုံးစွဲသူ (၁၃)ဦး ဖမ်းဆီးရမိ 

နမ့်ခမ်း၊ မေ ၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းနှင့် မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးအပါအဝင် (၃)ဦးနှင့် သုံးစွဲသူ (၁၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။

နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် မေလ (၂)ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၀)နှစ်အရွယ် ဦးမောကျိုက်ဖေ့၊ အသက် (၃၂)နှစ်အရွယ် ဦးအာကိုင်နှင့် အသက် (၃၀)နှစ်အရွယ် ဦးဇော်မျိုးထွန်းတို့ကို ဖမ်းဆီးရမိထားသည်။



ထို့နောက် မေလ (၃)ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၅)နှစ်အရွယ် ဦးဝင်းမြင့်၊ အသက် (၆၀)နှစ်အရွယ် ဦးအိုက်ဆမ်၊ အသက် (၄၇)နှစ်အရွယ် ဦးအိုက်ကျွဲ၊ အသက် (၃၂)နှစ် အရွယ် ဦးအိုက်ယေအောင်ဆာ၊ အသက် (၃၃)နှစ်အရွယ် ဦးအိုက်လန်မိုတို့ကို မူးယစ်ဆေးဝါးသုံးစွဲသည့် သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

မိုင်းဝီးမြို့နယ်၊ မန်ကောင်းကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ (၁)ရက်နေ့၌ သွားရောက်စစ်းဆေးခဲ့ရာ အသက် (၂၈)နှစ်အရွယ် ဒေါ်အိုင်မိုးဦး၊ အသက် ( ၂၅)နှစ်အရွယ် မောင်အလုပ်နှင့် အသက် (၅၂)နှစ်အရွယ် ဦးငိုဆီတို့ထံ စိတ်ကြွဆေးပြား (၃၁)ထုပ်၊ ဗူးအတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား (၁)ဗူး၊ ဘိန်းဖြူထည့်ထားသည့် ဗူး (၃)ဗူးနှင့်အတူ ဖမ်းဆီရမိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၃၀)ရက်နေ့လည်း  မြို့နယ်ရဲတပ်ဖွဲ့မှ ‌ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၁၈)နှစ်အရွယ် မောင်နိုင်အောင်၊ အသက် (၃၁)နှစ်အရွယ် ဦးညီထိန်၊ အသက် (၄၁)နှစ်အရွယ် ဦးနိုင်ကောင်၊ အသက် (၅၃)နှစ်အရွယ် ဦးနိုင်ထေးနှင့် အသက် (၄၆)နှစ်အရွယ် ဦးနိုင်ဘေးတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။




#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: နမ့်ခမ်းနှင့် မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၁၃)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်