မန်တုံမြို့တွင် အလင်းသစ်ပညာရေးဘော်ဒါဆောင် (N.S.E.C) မှ ကျောင်းသားသစ်များ စတင်လက်ခံ
မန်တုံ၊ မေလ ၂၂ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံမြို့တွင် ဖွင့်လှစ်ထားသော အလင်းသစ်ပညာရေးဘော်ဒါဆောင် (New Sunshine Education Centre - N.S.E.C) သည် လာမည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် တအာင်းကျောင်းသား/သူများအား စတင်လက်ခံနေပြီဖြစ်ပါသည်။

၂၀၂၆ ပညာသင်နှစ်တွင် အထက်တန်းအဆင့် ကျောင်းသား/သူ (၁၅၀) ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ (၅၀) ဦးကို အကန့်အသတ်ဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အလင်းသစ်ပညာရေးဘော်ဒါဆောင်တွင် ကျောင်းစာသင်ကြားရေးသာမက ကျောင်းသား/သူများ၏ အရည်အချင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တအာင်းစာပေနှင့် English Speaking ဘာသာရပ်များကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောင်းတာဝန်ခံများက ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေဖြင့် ကျောင်းစာပညာတင်မကဘဲ တအာင်းစာပေနှင့် အင်္ဂလိပ်စကားပြောကိုပါ စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပြီး တအာင်းလူငယ်များအတွက် ပညာရေးနှင့် ဘာသာစကားစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာစေလိုပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ပညာရေးသာမက ဘာသာစကားစွမ်းရည်များပါ ပြည့်ဝစေရန်အတွက် အလင်းသစ်ပညာရေးဘော်ဒါဆောင်သို့ မေလ (၂၅) ရက်နေ့မှ စတင်၍ စာရင်းပေးသွင်းအပ်နှံနိုင်မည် ဖြစ်သည်။
ဘော်ဒါဆောင်နှင့်ပတ်သက်သည့် ဝင်ကြေး၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အလင်းသစ်ပညာရေးဘော်ဒါဆောင် (N.S.E.C) သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အလင်းသစ်ပညာရေးဘော်ဒါဆောင် (N.S.E.C) သည် တအာင်းလူငယ်များ၏ ပညာရေး၊ ဘာသာစကားစွမ်းရည်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ပညာရေးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ