1929

မန်တုံမြို့တွင် ဆိုင်ကယ် (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား (၁)ဦးသေဆုံး

ဒေသတွင်းသတင်း
09 June 2026

မန်တုံမြို့တွင် ဆိုင်ကယ် (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား (၁)ဦးသေဆုံး

မန်တုံ၊ ဇွန် ၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့အဝင်တွင် ဆိုင်ကယ် (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် နံနက် (၁၀:၄၅)နာရီအချိန်၌ ဦးအိုက်လွန်သည် ဆိုင်ကယ်ဖြင့် နမ့်ဆန်မြို့မှ မန်တုံမြို့သို့ မောင်းနှင်လာစဉ် မန်တုံမြို့အဝင် အမှိုက်ပုံအနီးသို့ ရောက်ရှိချိန် ဆိုင်ကယ်ရှေ့ဘီး ပေါက်ကွဲသွားကာ ထိန်းချုပ်နိုင်မှုမရှိဘဲ မြို့တွင်းမှ ဦးအောင်ပြည့် မောင်းနှင်လာသည့်ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဤယာဉ်တိုက်မှုကြောင့် ဦးအောင်ပြည့်သည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့နောက် အခင်းဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ကိုအောင်ပြည့်ကို ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပေးပါသည်။

အဆိုပါ  ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုအောင်ပြည့်သည် ဆေးရုံတွင် ဆေးကုမှုခံယူသော်လည်း ၎င်း၏ ဒဏ်ရာသည် ပြင်းထန်သောကြောင့် သေဆုံးသွားခဲ့ပါသည်။ လက်ရှိအချိန်တွင် ဦးအိုက်လွန်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မေလ (၁၀)ရက်နေ့လည်း   နမ္မတူမြို့တွင် မြေတင်ကားတစ်စီး ဘရိတ်ပေါက်မှု
ကြောင့် နေအိမ်တစ်အိမ်ကို ဝင်တိုက်မိရာမှ အမျိုးသား (၁)ဦးသေဆုံးသွားခဲ့ပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် ဆိုင်ကယ် (၂)စီး ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား (၁)ဦးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်