1931

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ပန်ယုတ်ကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်လဲကျ၍ ကလေးငယ် (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
10 June 2026

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ပန်ယုတ်ကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်လဲကျ၍ ကလေးငယ် (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ

မိုင်းဝီး၊ ဇွန်လ ၁၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်၊ အထက်ပန်ယုတ်ကျေးရွာတွင် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်ကြီးလဲကျမှု ဖြစ်ပွားခဲ့ရာမှ ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး အခြား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ယမန်နေ့ ဇွန်လ (၉) ရက် နံနက် (၈:၀၀) နာရီအချိန်ခန့်တွင် အထက်ပန်ယုတ်ကျေးရွာနေ ဦးအိုက်ဂျွန်၏ မိသားစု နံနက်စာစားနေစဉ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အနီးရှိ သစ်ပင်ကြီးတစ်ပင်မှာ လဲကျကာ နေအိမ်ခေါင်မိုးပေါ်သို့ ပိမိခဲ့ခြင်းဖြစ်သည်။






အဆိုပါ သစ်ပင်ပိကျမှုကြောင့် ဦးအိုက်ဂျွန်၏ ဇနီးဖြစ်သူ၊ အဒေါ်ဖြစ်သူနှင့် ကလေး (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူများအနက် အသက် (၅) နှစ်အရွယ် အမွှာကလေး (၂) ဦးလည်း ပါဝင်ခဲ့ပြီး ၎င်းတို့အနက် (၁) ဦးမှာ ဦးခေါင်းနှင့် မျက်လုံးတို့တွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည့် အကူညီနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်နှင့် ပတ်ဝန်းကျင်တွင် သစ်ပင်များ၊ သစ်ကိုင်းများ ကျိုးကျလဲပြိုနိုင်သည့် အခြေအနေများနှင့် မြေပြိုကျနိုင်သည့် အန္တရာယ်ရှိသော နေရာများကို အထူးဂရုပြု စောင့်ကြည့်ကြရန် လိုအပ်ပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အန္တရာယ်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားကြရန်နှင့် မြေပြိုကျနိုင်ခြေရှိသော နေရာများမှ ကြိုတင်ရှောင်ရှားနေထိုင်ကြရန် အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969





#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အထက်ပန်ယုတ်ကျေးရွာတွင် နေအိမ်ပေါ် သစ်ပင်လဲကျ၍ ကလေးငယ် (၁) ဦး သေဆုံး၊ (၃) ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်