1957

တအာင်းပြည်တွင် နှစ်ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦး၊ သုံးစွဲသူ (၂) ဦးကို ဖမ်းဆီးရမိပြီး ယာမဆေးပြား (၂၃၆) ပြားနှင့် ဘိန်းဖြူ (၁) ဗူး သိမ်းဆည်းရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
25 June 2026

တအာင်းပြည်တွင် နှစ်ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦး၊ သုံးစွဲသူ (၂) ဦးကို ဖမ်းဆီးရမိပြီး ယာမဆေးပြား (၂၃၆) ပြားနှင့် ဘိန်းဖြူ (၁) ဗူး သိမ်းဆည်းရမိ


ကျောက်မဲ၊ ဇွန်လ ၂၅ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ ကျောက်မဲ၊ မိုင်းယော်နှင့် မိုင်းငေါ့မြို့နယ်တို့တွင် ဇွန်လ နှစ်ပတ်တာကာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂) ဦးနှင့် သုံးစွဲသူ (၂) ဦးကို ဖမ်းဆီးရမိခဲ့သည်။

 

နမ့်ဆန်ခရိုင်၊ ကျောက်မဲမြို့နယ်၊ ပန်ဖျတ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းအရ ဇွန်လ (၁၅) ရက်နေ့ နံနက် (၅:၀၀) နာရီခန့်က သွားရောက်စစ်ဆေးရာ အသက် (၂၁) နှစ်အရွယ် ကိုကျော်မြင့်အောင်ကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ဇွန်လ (၁၉)ရက် နံနက် (၁၁း၃၀)နာရီအချိန်တွင် ကျောက်မဲမြို့နယ် ပန်မကျေးရွာတွင် အသက် (၆၆)နှစ်အရွယ် ဦးစိန်နုဆို မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ သွားရောက်စစ်ဆေးပြီး ယာမဆေးပြား (၁၀၃)လုံးကို သိမ်းဆည်းရမိခဲ့သည်။


ထို့အပြင် မိုင်းယော်မြို့နယ်၊ သိန်းချိုကျေးရွာတွင် ဇွန်လ (၁၀) ရက်နေ့ နံနက် (၁၀:၃၀) နာရီခန့်က မူးယစ်ဆေးဝါးရောင်းဝယ်သူဟု သံသယရှိသူ အသက် (၆၀) နှစ်အရွယ် ဦးပီတကို စစ်ဆေးရာ ၎င်းထံမှ ယာမဆေးပြား (၁၃၃) ပြားနှင့် ဘိန်းဖြူ (၁) ဗူးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်၊ ပန်ကပျံကျေးရွာတွင် ဇွန်လ (၈) ရက်နေ့ ညနေ (၅:၀၀) နာရီခန့်က အသက် (၂၉) နှစ်အရွယ် ဦးစိုင်းမြတ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူကို PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း အကျင့်စာရိတ္တ ပြန်လည်ပြုပြင်ထိန်းကျောင်းရေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ည်။

 

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတိုကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် နှစ်ပတ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦး၊ သုံးစွဲသူ (၂) ဦးကို ဖမ်းဆီးရမိပြီး ယာမဆေးပြား (၂၃၆) ပြားနှင့် ဘိန်းဖြူ (၁) ဗူး သိမ်းဆည်းရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်